-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Monday, May 20, 2013

“ အဘိဓမ္မာသင်တန်း ”

မဟာသကျအတုလမာရ်အောင် ငါးထပ်ကြီး မြတ်စွာဘုရား
မဟာသဒ္ဓမ္မဇောတိကဓဇ ဆုထူးပန် ဆရာကြီး ဦးဟန် ၏
ဆုထူးပန် အဘိဓမ္မာသင်တန်း




     ဆရာကြီး ဦးဟန် ၏ ဆုထူးပန် အဘိဓမ္မာသင်တန်းအား 18.5.2013 ရက်နေ့ (စနေနေ့) မှစတင်တွင်၍ ငါးထပ်ကြီးဘုရား၌ စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။ 

      အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များတွင် နံနက် ၈ နာရီ မှ နေ့လည် ၁၂ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

     18.5.2013 (စနေ)၊ နှင့် 19.5.2013 (တနင်္ဂနွေ) နေ့တို့တွင် အဘိဓမ္မာမိတ်ဆက်အားသင်ကြားပို့ချခဲ့ပြီဖြစ်ပါသည်။ 
လာမည့် 25.5.2013 (စနေ)၊ နှင့် 26.5.2013 (တနင်္ဂနွေ) နေ့မှစတင်၍ အဘိဓမ္မာတရားများကို စတင်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

     အဘိဓမ္မာသင်တန်းအပြင် ဋီကာကျော် သင်တန်း နှင့်ဝိသုဒ္ဓိမဂ်သင်တန်းတို့ကိုလည်း
စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း online ပေါ်မှ ဓမ္မမိတ်ဆွေများအား 
အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။ 

ဘ၀တိုးတက်ရေးနှင့်လွတ်မြောက်ရေးအတွက် အဘိဓမ္မာသင်ယူရန် လိုအပ်သည်။

ပုံပေါ်ကလစ်နှိပ်၍ Zoom ချဲ့ကြည့်နိုင်ပါသည်။

No comments:

Post a Comment