-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Monday, May 13, 2013

“ အရဟံ ဂုဏ်တော် အနက် (၅) နက် ”



အရဟံ

၁။ ၀ါသနာအငွေ့ဓါတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီးဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၂။ တစ်ထောင့်ငါးရာ ကိလောသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျှက်ဖြင့် ချိုးဖဲ့ ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၃။ အ၀ိဇ္ဇာ တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ အထောက်အကန့်တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၎။ သူမတူသော သီလ၊ သမာဓိ၊ ပညာ ဂုဏ် သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ မြတ်သောအလှူ ပူဇော်ထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုဟူသမျှတို့ကို ပြုတော်မမူ၊ ပြောတော်မမူ၊ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


No comments:

Post a Comment